ဒီနေရာမှာ မနက်ဆို အိပ်ရာက ၇ နာရီ ၄၀ မိနစ် နှိုးစက်ကမြည်ပါပီ။ ကြည့်လိုက် ပြန်အိပ် ( နှပ်တာပေါ့ )။ နောက် ငါးမိနစ်ဆို wake-up အိပ်ရာသိမ်း ၊ morning equipment တွေကိုင်ပီး ရေချိုးခန်းသို့..၊ လုပ်စရာရှိတာလုပ်ပီး အ၀တ်အစားလဲ အောက်ထပ်ကို လှေကားအတိုင်းဆင်း ဒါဆို အလုပ်ရောက်ပီ ။ ကောင်တာထိုင် ငွေလွှဲလက်ခံ ။ မနက်စာကို ကြုံသလိုစား။ အရင်က အိမ်မှာ ချေးများခဲ့သမျှ အခုတော့ ...ဒါတွေက ငြင်းမရ ။ တချို့ရက်တွေက ငတ်ပေါ့။
တနေ့လုံး ဒီလိုပါပဲ...ထိုင်လိုက် ထလိုက် အလုပ်ရှိရင်လုပ်လိုက် မရှိရင် ထိုင်လိုက်။ ကွန်ပျူတာနဲ့ အွန်လိုင်းတက်လိုက် သတင်းဖတ်လိုက် သူငယ်ချင်းတွေနဲ့စကားပြောလိုက် ။ တချို့ဝန်ထမ်းတွေကို ကူညီလိုက်။ တခါတလေ တယ်လီဖုန်းလေးပြောလိုက်။ မအားသလိုလို အားသလိုလို အချိန်တွေမှာ အမေ့ကိုသတိရလိုက် ။ မောင်နှမတွေကို သတိရလိုက်..။ ငါ့အမတွေ ငါ့လို ခိုင်းစရာလူမရှိတော့ သူတို့ အဆင်ပြေပါ့မလား တွေး..။သားကို တွေ့ချင်စိတ်က ပေါ်လာလိုက် မိန်းမကို သတိရလိုက် ။ သူငယ်ချင်းတယောက်လည်း အဆင်ပြေပါ့မလားလို့ စိတ်ပူလိုက်။ အော် ...အပူတွေ ပါလား....
အဲဒီလိုပဲ ဒီနေရာမှာ ရာသီဥတု ပူပါတယ်။
Lunch ကြိုက်ကြိုက် မကြိုက်ကြိုက် စား.....။ စကားမများပါဘူး။ ချက်ကျွေးတဲ့သူတွေကိုတောင် ကျေးဇူးတင်နေမိသေး။ တလုပ်စားဖူး သူ့ကျေးဇူး....။ ဒီလိုပါပဲ အားလုံးနဲ့အဆင်ပြေအောင်ပေါင်း..အမေဆုံးမထားသလို သည်းခံ.. ဒါတောင် တခါတလေ ငယ်စိတ်က ကြွလာသေး.. ဆတ်ဆတ်ထိမခံချင်..။ ရန်ဖြစ်မယ်စိတ်ကူးလိုက်တိုင်း အမေဆုံးမစကားတွေနဲ့ နာခဲ့ဖူးတဲ့ ဆရာတော် ဥူးသုမင်္ဂလ တရားတွေက ခေါင်းထဲမှာပေါ်လာတယ်..ဒေါသနဲ့သေရင် လောဘနဲ့သေရင် ငရဲ သို့.... ဘုန်းကြီးကတော့ ဒယ်အိုးလို့ ပြောလေရဲ့..။ အဲဒီလို ရန်ဖြစ်နေတဲ့ အချိန်လေးမှာသာ ငါသေသွားရင် ဟိုက်.... ဒီလိုမျိုးတော့ မဖြစ်ပါရစေနဲ့..။ အခုရောက်နေတဲ့ နေရာက အပူချိန်ကိုတောင် မခံနိုင်တာ ငရဲက အပူဆိုရင်...အင်း ...ဒန် တန် တန် သွားနိုင်တယ်..။ ဟိုတလောက ဆရာတော် တရားတွေ အချိန်အားတာနဲ့ ရက်ဆက်ဆိုသလို နားထောင်လိုက်တာ အပုဒ် ၇၀ ၈၀ လောက်ရှိမယ်။ နားထောင်ပီး သဘောကျနေလိုက်တာ.။ ကိုယ့်ဘာသာကျေနပ်နေလိုက်တာ...ပီတိတွေလေ ။။ ပီးခဲ့တဲ့ ရက်ပိုင်းက ကော့သောင်းမှာ တရားလာဟောတော့ ကိုယ်ကမရှိ ။ ချက်ချင်းပဲ ကော့သောင်းကို ပြန်ပြေးချင်လိုက်တာ။ တရားပွဲ သုံးရက်တဲ့ ။ သာဓု ကိုသာ ခေါ်နေမိတော့တယ်။
ဒီလိုနဲ့ တနေ့လုံး ပျင်းရိငြီးငွေဖွယ်ရာဖြတ်သန်း.. ညနေ ငါးနာရီ...ငွေလွှဲ..အိမ်ပြန်..( အပေါ်ထပ်က ကိုယ့်ကိုယ်ပိုင် အခန်းလေး..) ရေချိုး ..နောက်အလုပ်တခု သွားဖို့ ပြင်ဆင်...ခြောက်နာရီဆို အလုပ်ဝင်ရမှာလေ...။ နားချိန်တောင် မရှိရှာပါဘူး..ရေသာချိုးနေတာ ရေချိုးခန်းကနေထွက်တော့ ချွေးတွေရွှဲနေတာပဲ...ရေမဟုတ်..။ ယူနီဖောင်းလဲ ဒိုးတော့....အဲဒီအလုပ်ကိုကျတော့ နှစ်မိနစ်လောက် လမ်းလျှောက်ရတယ်....ရောက်တာနဲ့ ထမင်းစား (မနက်က meal နဲ့အတူတူပဲ ) ချေးမများပါဘူး..။ မကြိုက်ရင် မားမားတထုပ်ဝယ် ... kitchen ထဲမှာ အဆင်ပြေသလို လုပ်စား...ဒီလိုနဲ့ပါပဲ အပူချိန်များတဲ့ ညနေခင်းတွေကို ယူနီဖောင်း ကျပ်ကျပ်ထုပ်ထုပ်နဲ့ဖြတ်သန်း ညသန်းခေါင်နားနီးလာတော့ ဆိုင်ပိတ် အိမ်ပြန်....သူငယချင်းနဲ့ ဆုံတော့ စကားပြော ...အော် ဘီယာလေးတော့ ပါသေးသပေါ့..ဒါအပန်းဖြေတာပါလို့ ကိုယ့်ကိုကိုယ် သက်ပြင်းချ.......
တခါတလေတော့လည်း များသွားတာပေါ့လေ..။ တချို့ညတွေဆို အလုပ်ကအပြန်ရေတောင် မချိုးချင်တော့ဘူး.. မချိုးမိတဲ့ ညတွေလည်း ရှိတာပဲ..။ ပင်ပန်းလွန်းလို့ အိပ်ချင်တာပေါ့..။ ဒီလိုပါပဲ..နောက်နေ့မနက် ၇ နာရီ ၄၀ ဆိုရင် 6:40 in the morning, must wake-up. go to job..
That's all, everyday, long lazy days in samui
No comments:
Post a Comment