Wednesday, September 2, 2009

ငယ်ငယ်တုန်းက ကောင်မလေး

ကျနော် ငယ်ငယ်တုန်းက အကြောင်းလေးတခုပြောပြမယ်။ ခုနစ်တန်းနှစ်ကပေါ့။ ကောင်မလေး တစ်ယောက် အရမ်းချစ်ဖို့ကောင်းပါတယ်။ ချစ်စရာလေးပါ။ သူ့နာမည် တော့ မပြောတော့ဘူး။ နန်းလို့ပဲမှတ်လိုက်ကြရအောင်ပါ။ အဲ... တောင်ကြီးဘက်က ပြောင်းလာတဲ့ ရှမ်းမလေးပေါ့။ အသားဖြူဖြူဖွေးဖွေးလေးနဲ့ပါ။ သူငယ်ချင်းတွေက မြှောက်ပေးတာနဲ့ ကျနော်လည်း နောက်သလိုလိုပြောင်သလိုလိုနဲ့ စတော့တာပေါ့။ တခြားသူငယ်ချင်းတွေကိုလည်း ကျနော်က ပြန်စပါသေးတယ်။.တကယ်ကြိုက်တာလည်း မဟုတ်ရပါဘူး။ ဒါပေမယ့် ပေါ့လေ သူငယ်ချင်း အသိုင်းအ၀ိုင်းထဲမှာတော့ အဲဒီကောင်မလေးက ထင်ပေါ်နေတာပေါ့ဗျာ ...အဲဒီတရက်မှာပေါ့ အရှက်ကွဲတာက ဂွမ်းကနဲပါပဲ...ကျနော်တို့ သူငယ်ချင်းတသိုက် အီစီကလီ လုပ်နေတဲ့ ကောင်မလေး နန်း .....သူမထိုင်နေတဲ့ ခုံအောက်ကနေ ရေစီးကြောင်းလေးတခု စီးလာနေတာ စာသင်နေတဲ့ သူငယ်ချင်းတချို့က မြင်လိုက်ကြပါရော။ တချို့ကတော့ စာထဲမှာစိတ်ဝင်စားနေတော့ သတိမထားမိကြဘူးပေါ့။ ကျနော်တို့အတန်းက အပေါ်ထပ်မှာပါ။ ကြမ်းခင်းကလည်း လျှာထိုးပျဉ်ပြားတွေခင်းထားတာ ဆိုတော့လေ။ အဲဒီအချိန်မှာပဲ.. အောက်ထပ်က ဆရာတယောက်အခန်းထဲဝင်လာပြီး ဒီအပေါ်ထပ်ကနေ ရေတွေကျနေတယ် လို့ပြောပါတယ်။ ဒီနားလောက်က ဖြစ်မယ် ဆိုပြီး နန်း ..ထိုင်နေတဲ့ခုံအောက်ကို လက်ညှိုးထိုးပြပါတယ်။ အားလုံးသောမျက်လုံးတေကွ အဲဒီနေရာကို ၀ိုင်းစုပြုံသွားပါတယ်.........
ဘာဖြစ်တာလဲပေါ့ မသိသေးတဲ့ နောက်ဘက်တန်းကကျောင်းသားတွေကလည်း သိချင်လာပြီး ၀ိုင်းကြည့်ကြတာပေါ့။ အဲဒီရေစီးကြောင်းလေးကို အားလုံးမြင်သွားတော့ ဒန် တန် တန်............ ကျောင်းသားတွေ အားလုံးလည်း အလိုလို သဘောပေါက်ကြတယ် ထင်ပါတယ်..စာရှုသူတို့လည်း စဉ်းစားကြည့်လိုက်ပါ..
နန်း ..လေ နန်း...ပေါ့ (xxxxx..xxxxx..xxxx) အတန်းထဲမှာ (ရှူးရှူးတွေလေ) သေးပေါက်ချတယ်ဗျာ။ လုပ်စရာလား ဒါမျိုး .။ သူမကတော့ လုံးဝကို အသံမထွက်တော့တာပါ။ ဘာဆိုဘာမှကို မပြောတော့ဘူး။ အဲဒီအချိန်မှာ ဆရာမက သူ့ကို အလျင်အမြန် စာအုပ်တွေသိမ်းပြီး အိမ်ပြန်ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် အခန်းထဲက ရှိနေတဲ့ သူငယ်ချင်း ကောင်လေးကောင်မလေးတွေ သူတို့အားလုံးရဲ့ မျက်လုံးတွေနဲ့ အပြုံးမျက်နှာတွေက မချိုမချဉ်ဗျ..  ကိုယ်ချင်းစာကြည့်ကြပါဦးဗျာ..  ခင်ဗျားတို့ပဲစဉ်းစားကြည့်ကြစမ်းပါဦး။ ကဲ ခင်ဗျားတို့ဆို ဘယ်လိုလုပ်မလဲဗျာ။ ကျနော်ဆို မျက်နှာကို ဓားထက်ထက်နဲ့ ရွှပ်ကနဲ လှီးပစ်လိုက်ချင်တာပါပဲ။ ပထမဦးဆုံးရင်ခုန်နှုန်းလေး အဲဒီမှာသေသွားတယ်ဗျာ။ အဲဒီကတည်းက တော်တော်လှတဲ့ ကောင်မလေးဆို ရည်းစားထားဖို့ကြောက်နေတတ်တဲ့ ကျနော် လူပျိုဖြစ်လာတော့ ဘယ်နှယ်ယောက်လောက်ထားလိုက်မိလဲ မမှတ်မိတော့ပါဘူးဗျာ။ ဒါပေမယ့်နောက်ထပ်ထားခဲ့တဲ့ ရည်းစားတွေကတော့ ရှမ်းမလေးတွေမပါတော့တာပါပဲ။
ဒါကလည်း မဆုံသေးလို့ပါ.......ဟိဟိ။

သံ​ေ​ယာ​ဇ​ဥ​္ေ​လး​ေ​တြ