Thursday, February 9, 2012

ချစ်ချင်ရင် ချစ်လို့ရသေးတယ်

ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုပုံစံမျိုးနဲ့ ကျနော်တို့ ဆုံခဲ့ကြတာလဲ။ ဒေါင့်တနေရာလေး တခုမှ အနေအထားအမျိုးမျိုးနဲ့ ဆုံခဲ့ကြတဲ့ ကျနော်တို့ အန်ဒမန်ကလပ်က သူငယ်ချင်းမိတ်ဆွေတွေလူမျိုးမတူ၊ ဘာသာမတူ၊ နိုင်ငံမတူ ခဲ့ကြပေမယ့် တိုးတက်အောင်ကြိုးစားကြမယ်ဟေ့ ဆိုတဲ့ စိတ်ရည်စူးချက်ကတော့ တူခဲ့ကြပေလိမ့်မယ်။

ဒီလိုနဲ့ လုပ်ငန်းခွင်အတွင်းရော ပြင်ပမှာပါ အကြောင်းအခြေအနေအမျိုးမျိုးကြောင့် နှစ်လိုစွာချစ်ခင်ခဲ့ကြသလို ရန်လိုစွာမုန်းတီးမှုတွေ ရှိခဲ့ကြတာဟာ ရင်ထဲက တကယ်ဆန္ဒတွေတော့ ဟုတ်လိမ့်မယ်မထင်။ ကံဇာတ်ဆရာ ရေးသလို တို့တွေ က ခဲ့ကြရတာလို့ပဲ မှတ်ထားနိုင်ကြပီလား။

အဆင်ပြေချစ်ခင်သူတွေနဲ့ အကြာကြီးနေချင်သလို မလိုမုန်းထားမိသူတွေနဲ့ နောက်ထပ်မဆုံချင်တော့ဘူး ဆိုပေမယ့်လည်း ငါတို့ လိုတပြည့်ဝခဲ့ကြပါသလားဟေ့။

ကဲခွဲရပီဆိုတော့ ဘယ်သူတွေ ဟန်ဆောင်နိုင်ခဲ့သလဲ။ နင်ကိုငါ အရမ်းမုန်းတယ် ဆိုပီးတော့ ရင်ကော့ဘယ်သူထွက်သွားခဲ့ဖူးသလဲ။ အဲဒီလူရဲ့ ရင်ထဲမှာ အလွမ်းတွေနဲ့ အမှတ်တရတွေ ပါမသွားဘူးဆိုရင် ငါ့ကို လာသတ်လှည့်။

မုန်းပါတယ်ဆိုနေမှပဲလို့ မပြောပါနဲ့။ အဲဒါကိုကပဲ သံယောဇဉ် တခုဆိုတာ ကိုယ့်ဘာသာ ပြန်စမ်းစစ်ကြည့်။ မုန်းတော့ မုန်းတယ် မှတ်မိနေတုန်းပဲ မေ့မသွားပါဘူး ဆိုတော့ ကဲ သံယောဇဉ်လို့ ဆိုရင် ကျနော် မှားသလားဗျာ။

ဒီလိုနဲ့ကျနော်တို့ ဟိုတယ်ကနေ ထွက်သွားသူတွေ ရှိနေကြသလို ၀င်လာသူတွေဟာလည်း ရည်ရွယ်ချက်တွေနဲ့ပါ။ အဲဒီလို အခိုက်အတန့်လေးတွေမှာ ကျနော်တို့ မာနတွေ နဲ့ရှင်သန် လောဘတွေကို အိပ်မက်မက်ရင် တကယ့်အမှန်ကို မမြင်နိုင်ခဲ့ကြတာတွေက ဘယ်သူတွေကို ထိခိုက်စေခဲ့တာလည်း။။

ထွက်သွားသူတွေက ပြည့်ဝသူတွေ ၀င်လာသူတွေက မပြည့်သေးတဲ့ အိုးသေးသေးလေးတွေ အဲဒါတွေကို ဖြည့်ပေးဖို့အတွက် ပြည့်ဝပီးသား အိုးတွေ ရှိနေသေးသင့်တယ် မဟုတ်လား။

ဘယ်လိုလဲတော့ မသိဘူးဗျာ ... ရင်ထဲမှာပေါ်လာတာတွေရေးလိုက်တာပဲ....

သံ​ေ​ယာ​ဇ​ဥ​္ေ​လး​ေ​တြ